Mister Sleep FHD

Mister Sleep

Horror FHD 2024-04-02 3.5 95 Min

ဒီဇာတ်ကားကတော့ ဒါရိုက်တာ John Perivolaris ရိုက်ကူးထားပြီးRobert Hollocks, Katie Daley, Anna Borchert စတဲ့ မင်းသား၊မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thrillerသည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ဒီကားကတော့ စိတ္တဇကွင်းဆက်လူသတ်သမားဖြစ်တဲ့ Mr. Sleepအကြောင်းကို ထိတ်လန်ဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ဖယ်လီရှာက တရားသူကြီးပိန်းရဲ့ သမီးဖြစ်ပြီးတော့ အိပ်မပျော်တဲ့ရောဂါရှိတဲ့သူပါဒေါက်တာချားလစ်ရဲ့ ကုထုံးဆေးရည်စမ်းသပ်မှုမှာ ပါဝင်ပြီးတော့အိပ်‌ပျော်အောင်ကြိုးစားနေတဲ့လူနာဆိုလည်းဟုတ်ပါတယ်။ဒါပေမယ့် ဒီဆေးရည်က စိတ္တဇလူသတ်သမား အိပ်မပျော်တဲ့ရောဂါရှိတဲ့Mr. Sleepကို လေ့လာပြီး ထုတ်ထားတဲ့ဆေးဖြစ်နေခဲ့သလို အဖေဖြစ်တဲ့တရားသူကြီးနဲ့ ဒေါက်တာချားလစ်တို့က Mr.Sleepကို သေမိန့်ချခဲ့သူတွေ ဖြစ်နေပြန်ပါတယ်။တစ်နေ့မှာ ကုသနေတဲ့အုပ်စုထဲကလူတွေအရင်နည်းလမ်းနဲ့ အသတ်ခံရပြီးနောက် Mr. Sleep  က မသေသေးဘဲ ဆေးရည်သောက်တဲ့လူနာတွေရဲ့ စာရင်းကိုရထားပြီး လက်စားချေနေတာလို့ သိပြီးတဲ့နောက်မှာ……ဖယ်လီရှာ အဆုံးမှာလွတ်မြောက်သွားနိုင်မလားဆိုတာကို ရင်တမမနဲ့အဖြေရှာရမှာပါ။