အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ John ဟာ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် ဇနီးဖြစ်သူကို လွမ်းဆွတ်တဲ့စိတ်နဲ့ပဲ အတိတ်မှာ ပိတ်မိနေသူတစ်ယောက်ပါဇနီးဖြစ်သူကိုအမှတ်ရတဲ့စိတ်နဲ့ပဲအားလပ်ရက်ပိတ်ရက်တိုင်းမှာ Loretto နယ်ဘက်က နာမည်ကြီးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Keestone အပန်းဖြေစခန်းဘက်ကို နှစ်တိုင်း လာတည်းလေ့ရှိပါတယ်။Madeline ကတော့ သူငယ်ချင်းဖြစ်သူ Whisper နဲ့အတူ အပန်းဖြေစခန်းမှာပဲအတူတူအလုပ်ဝင်လုပ်ရင်း ကွတ်ကီးလည်းဖုတ်ရောင်းပါသေးတယ်။သူဖုတ်သမျှကွတ်ကီးတိုင်းဟာဆွေမျိုးမေ့နိုင်လောက်တဲ့လက်ရာကိုပေးစွမ်းလို့ အပန်းဖြေစခန်းကိုလာတည်းသူတိုင်းရဲ့ လက်စွဲတော်ဆိုလည်းမမှားပါဘူး။ရိုးသားကြိုးစားတဲ့ မက်ဒလင်းနဲ့ ဇနီးဖြစ်သူကိုမမေ့နိုင်တဲ့ အတိတ်မှာပိတ်မိနေသူဂျွန်တို့နှစ်ယောက် keestone အပန်းဖြေစခန်းမှာ ဖူးစာဆုံတွေ့ဆုံကြုံကြိုက်ကြပြီး အချစ်ပန်းပွင့်များ ဘယ်လိုတွေ ပွင့်လန်းလာမလဲဆိုတာကို romantic နဲ့ comedy ရောနှောပြီးကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။