Bridget Jones ဆိုတဲ့အမျိုးသမီးဟာ သူ့ယောက်ျား ဆုံးပါးသွားပြီးတဲ့နောက်မှာ ကလေးနှစ်ယောက် ဖြစ်တဲ့ Billy နဲ့ Mabel နဲ့ အတူ တစ်ခုလပ် မိခင်အဖြစ် ရုန်းကန်ခဲ့ရပါတယ်။လေးနှစ်လောက် အလုပ်မလုပ်ဘယ်သူနဲ့မှလည်း မတွေ့ခဲ့ပဲနဲ့ ကလေးတွေနဲ့ပဲ အချိန်ကုန်နေခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ သူ့ရဲ့ မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ အတူ အလုပ်ပြန်လုပ်ပြီး ဘဝလက်တွဲဖော်အသစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ဘဝကိုရှေ့ဆက်လျှောက်နိုင်သွားမလား သူ့ရဲ့လက်တွဲဖော်အသစ်ကို ရှာတွေ့သွားမလားဆိုတာကို ရင်ခုန်စွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။