The Lion King at the Hollywood Bowl HD

The Lion King at the Hollywood Bowl

Music HD 2025-02-06 7.7 68 Min

ငယ်ငယ်တုန်းက ကျွန်တော်အပါအဝင် လူကြီးလူငယ်မ‌ရွေးကြိုက်ခဲ့ကြတဲ့၊အခုအချိန်ထိ ကြိုက်နေဆဲဖြစ်ကြတဲ့ The Lion King (1994) ကာတွန်းရုပ်ရှင်လေးကိုအခုအခါမှာတော့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ Hollywood Bowl ပြဇာတ်ရုံကြီးမှာသီချင်းတွေနဲ့ သီဆိုကျင်းပခဲ့ပြီးပါပြီ။ရုပ်ရှင်ထဲမှာ ပါဝင်အသံသရုပ်ဆောင်ပေးခဲ့ကြတဲ့ လူဟောင်းတွေကိုလည်းအများကြီးပြန်မြင်တွေ့ရမှာဖြစ်ပြီး ၎င်းရုပ်ရှင်သီချင်း‌ တွေကိုထုတ်လုပ်ဖန်တီးပုံအဆင့်ဆင့်ကိုပါ မြင်တွေ့ရမှာရယ်၊ငယ်ငယ်က The Lion King ရုပ်ရှင်ထဲ အရမ်းကြိုက်ခဲ့ရတဲ့သီချင်းတွေကိုပါ စင်မြင့်ထက်မှာ ဖျော်ဖြေထားတာကိုပါ တွေ့ရမှာဆိုတော့အရမ်းအရမ်းကို ကျေနပ်အားရစေမှာပါ။ ဒီ concert film ကြီးကိုထိုင်ကြည့်နေရုံနဲ့တင် အပြင်မှာ တကယ်ရောက်သွားသလိုခံစားချက်ပါ ရရှိမှာဖြစ်ပါတယ်။