နာမည်ကျော်ရုပ်ရှင်မင်းသမီး လာရာတိုင်လာဟာ သူ့ဘဝကို လိုက်အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီတွေကိုမုန်းတီးလွန်းတာကြောင့် စာရေးဆရာချစ်သူ ဂျိမ်းစ်အာဘာနဲ့ မင်္ဂလာဆောင်ကို ပါပါရာဇီတွေတစ်ယောက်မှမသိလိုက်ရအောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားခဲ့ပါတယ်။လူဦးရေ ၇၅ ဦးသာရှိတဲ့စကော့တလန်ကျွန်းငယ်လေးဟက်ဂ်မှာ ကေတီဟာ ရောဂါကြောင့်သေရတော့မယ့်မိခင်နဲ့အတူဟိုတယ်စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပြီး တစ်ရက်မှာတော့လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးကိုလာရာနဲ့ ဂျိမ်းစ်တို့ မင်္ဂလာဆောင်ဖို့ရောက်ရှိလာရာကနေ ကေတီနဲ့ ဂျိမ်းစ်တို့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။လာရာနောက်ကို အသည်းအမဲလိုက်နေတဲ့ပါပါရာဇီ ဘယ်လာနီကြောင့် လာရာထွက်ပြေးသွားတဲ့အခါ ကေတီကသတို့သမီးအတုလုပ်ပေးဖို့ငှားရမ်းခံခဲ့ရပြီး ဂျိမ်းစ်နဲ့လည်း ပိုနီးစပ်လာခဲ့ပါတယ်။ကေတီနဲ့ဂျိမ်းစ်ဟာ အချင်းချင်းချစ်မိခဲ့ကြပေမဲ့ဂျိမ်းစ်ကတော့ လာရာနဲ့ကတိထားခဲ့တာကြောင့် လာရာ့ဆီပဲပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် တကယ်ပဲလာရာနဲ့လက်ထပ်သွားမှာလား။တကယ်ချစ်ရတဲ့ ကေတီကိုရွေးချယ်သွားမှာလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။