မိခင်တစ်ယောက်ရဲ့ မေတ္တာက ဘယ်လောက်ကြီးမားလဲဆိုတာ…..လင်ဒါက ယောက်ျားက ဆေးမှုနဲ့ ထောင်ထဲရောက်သွားလို ယောင်းမအိမ်မှာသားလေးနဲ့ကပ်နေနေရပြီး လုပ်ခ အနည်းဆုံးလခလေးနဲ့ရှင်သန်နေရတဲ့မိခင်တစ်ယောက်ပါ။ဒီလိုနဲ့ သူ့ယောက်ျားထောင်ကပြန်ထွက်လာပြီမလို သူတိုအခက်အခဲတွေအဆင်ပြေတော့မယ်အထင်နဲ့လင်ဒါတစ်ယောက်ပျော်လိုမဆုံးသေး ယောက်ျားက သားနဲ့သူ့ကိုထားသွားရမယ့်ကိစ္စဖန်လာပြန်ပါတယ်။ယောက်ျားလည်း မရှိပဲ တစ်ယောက်တည်း အလုပ်လုပ်လိုက် ကလေးနဲ့အချိန်ကုန်လိုက်သူမအပေါ် လောကဓံက မျက်နှာသာမပေးပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုတစ်ခုပြီးတစ်ခုကံဆိုးနေတဲ့အခါ သူ့သားလေးကိုကာကွယ်ဖို ဘယ်လိုကြိုးစားမလဲဆိုတာကရုဏာသက်ဖွယ် ရင်တစ်မောမောကြည့်ရမှာဖြစ်ပါတယ်။လူမည်းတွေရဲ့ အဆင့်အတန်းခွဲခြားခံရမှု ရာဇဝတ်မှု မှတ်တမ်းဝင်တာနဲ့ထောင်ထဲက ထွက်လာပြီး နေထိုင်စားသောက်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကိုပါကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ရုပ်ရှင်ပါ။ သားလေးနဲ့တူတူနေနိုင်ဖို အစွမ်းကုန်ကြိုးစားနေကြတဲ့လင်မယားနှစ်ယောက်ကို ကြည့်ရတာ စိတ်ဝင်စားဖိုလည်းကောင်း ရင်ထဲလည်းထိရပါတယ်။ပိတ်ရက်မှာ မိသားစုနဲ့တူတူကြည့်လိုကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာမိုပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။