Start Up Never Give Up HD

Start Up Never Give Up

Comedy Drama HD 2024-10-10 8.3 99 Min

ရယ်မောပြုံးပျော်ပြီး အပန်းဖြေနိုင်ဖို အင်ဒိုနီးရှားဟာသကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ဒွန်နီဆိုတဲ့ကောင်လေးက အလုပ်ထုတ်ခံရလိုက် ပြန်လျှောက်လိုက်နဲ့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီးသံသရာလည်နေသူတစ်ဦးပါ။ သူ့မှာရာဖီဆိုတဲ့ ကျောင်းတက်နေဆဲ ညီငယ်လေးတစ်ယောက်ရှိပါတယ်။ရာဖီကပဲ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ ကျောင်းတစ်ဖက်၊ စာတစ်ဖက် အလုပ်ရှုပ်နေရပါတယ်။အခုလည်း သူလက်ရှိလုပ်နေတဲ့ မိတ္တူကူးတဲ့အလုပ်က အထုတ်ခံလာရပြန်ပါပြီ။မိတ္တူကူးနေရင်း စက်ပျက်သွားတော့ သူဌေးကသူ့ကိုအလုပ်ထုတ်လိုက်တာပါ။ဒွန်နီမှာ ဒေဝီလိုခေါ်တဲ့ သူငယ်ချင်းချောချောလှလှ ကောင်မလေးတစ်‌ယောက်ရှိပါတယ်။သူ့ကိုမုန့်တွေလာပို၊ သူ့ညီငယ်လေးကိုထိန်းကျောင်းပေးနေသူလေးပေါ့။သူတိုအိမ်ရဲ့အိမ်စရိတ်တွေ‌၊ မီတာခ‌အကြွေးတွေပေးဖို ဒွန်နီက အလုပ်တစ်ခုလျှောက်ရပါတော့တယ်။သူ့ရဲ့လုံခြုံရေး၊ ဝိတ်တာ၊ ရုံးစာရေး၊ ဒရိုင်ဘာ အကုန်လုပ်ဖူးတဲ့အတွေ့အကြုံနဲ့ မန်နေဂျာရာထူးကိုခန့်လိမ့်မယ်ထင်ပေမဲ့ ဒီတစ်ခါလည်းလွဲသွားပြန်ပါတယ်။ဒီလိုနဲ့ခေါင်းငိုက်စိုက်ချ ပြန်လာ‌တုန်း သူ့ကို အနောက်ကအတင်းလိုက်အော်ခေါ်ပြီး အလုပ်တန်းခန့်ပါတော့တယ်။အကြောင်းရင်းကတော့ သူဟာသူတိုသူဌေးမိန်းမရဲ့ မောင်လေးဖြစ်နေလိုအထက်ကသူ့ကို အလုပ်ခန့်ခိုင်းခြင်းရယ်ပါ။သူကတော့ဒါကိုမသိဘဲ ပျော်ရွှင်စွာ အလုပ်ဝင်ပါတော့တယ်။ဒွန်နီတစ်ယောက် ဒီအလုပ်မှာရော ဘယ်လောက်မြဲမလဲ၊အလွဲတွေလုပ်ပြီးပဲ ထပ်အလုပ်ထုတ်ခံရဦးမလား၊နောက်ဘာအလုပ်ထပ်ရှာရပါဦးမလဲ၊ သူ့ညီလေးနဲ့ သူတိုအိမ်စရိတ်ကိုရောသူဆက်ထောက်ပံ့နိုင်ပါ့မလား၊ ဒေဝီနဲ့သူတိုရဲ့ဆက်ဆံရေးကရောဘယ်လိုလဲဆိုတာ ရယ်မောကြည့်ရှုရင်း ဆက်လက်အဖြေရှာကြည့်ကြပါဦး။