ပရိသတ်ကြီးကို ၁၉၅၀ ဝန်းကျင် ခေတ် မက်ဒရစ်မြို့ကို နောက်ခံထားတဲ့ စပိန်ဘာသာစကားပြောHorror Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူတွေဟာ ရှင်သန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ မတူညီတာနဲ့အမျှ စိတ်ခံစားချက်အသီးသီးဟာလည်း မတူညီကြပါဘူး။ချစ်ခြင်းမေတ္တာဟာ လှပတယ်ဆိုပေမဲ့ အစွန်းရောက်သွားပြီးတော့စိတ္တဇအခြေအနေအဖြစ်ကူးပြောင်းသွားတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းတဲ့ အရာတွေကို မရည်ရွယ်ဘဲလုပ်မိလျက်သား ဖြစ်တတ်တဲ့သဘောရှိပါတယ်။ဒီဇာတ်ကားဟာ လူတွေ ဂရုမမူမိတတ်ကြတဲ့စိတ်ရောဂါအခြေနေ ကွဲပြားပုံတွေနဲ့ ဒါကိုလျစ်လျူရှုထားတဲ့အခါမှာဘယ်လိုဆိုးဝါးရဲ့အရာတွေ ဖြစ်နိုင်သလဲဆိုတာကိုဇောင်းပေး ရိုက်ကူးထားတာပါ။တင်ဆက်ပုံကောင်းမွန်ပြီး ပါဝင်သရုပ်ဆောင်သူတွေသရုပ်ဆောင် ကောင်းကြသလို ရုပ်ရှင်ပွဲတော်တွေမှာဆန်ကာတင်ချိတ်ရုံတင်မက ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါကြည့်ရှုနေရင်းနဲ့ ကိုယ်တိုင် လိုက်ပါစီးမျောရင်း မွန်းကြပ်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ မွန်ဆေးဆိုတဲ့ အမျိုးသမီးဟာငယ်စဉ်ကတည်းကမိခင်သေဆုံးပြီးချိန် ကျန်တဲ့ ဖခင်ဖြစ်သူက စိတ္တဇရောဂါဖြစ်ပြီး အနိုင်ကျင့်မှု ခံခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာမှာ အနိုင်ကျင့်ခံခဲ့ရတဲ့သူမဟာအိမ်အပြင်မထွက်ရဲတဲ့ agoraphobia ရောဂါကိုပါ ခံစားခဲ့ရပါတယ်။သူမအတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ဟာ သူမရဲ့ ညီမလေးပါ။ဒီညီမလေးကိုလည်း မွန်ဆေးဟာ ငယ်စဉ်ကတည်းကထိန်းချုပ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ဒီလိုနဲ့ နေထိုင်လာရင်း တစ်နေ့မှာ အပေါ်ထပ် တိုက်ခန်းမှာ နေထိုင်တဲ့ ကာလို့စ်ဆိူတဲ့ အမျိုးသားတစ်ယောက်လှေကားမှာ ချော်လဲပြီးတော့ သူမတို့ တိုက်ခန်းကိုအကူအညီတောင်း ရောက်လာချိန်မှာတော့…..။