အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဟောင်းပေမယ့်ကောင်းနေဆဲဖြစ်တဲ့၂၀၀၁ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားလေးက အသက်ကြီးပြီး မစွံသေးတဲ့လူပျိုကြီးတွေအတွက်တွေ့ကရာလှမ်းမဆွဲဖို့ သတိပေးထားတယ်လို့ပြောရမှာပါပဲ။Drama ဇာတ်လမ်းလေးဖြစ်ပြီးယနေ့ခေတ်ဇာတ်ကားတွေထက်တောင် ပိုစိတ်ဝင်စားစရာကောင်းတဲ့အတွက်တစ်ခါလောက်တော့ကြည့်ထားသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Birthday Girl ဖြစ်ပြီး IMDbRating 6.0 အထိရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဆိုတဲ့သာမာန်ရိုးရိုးအအလူပျိုကြီးပဲဖြစ်ပါတယ်။တစ်ယောက်တည်းနေလာတာကြာပြီးအချစ်ကိုဆာငတ်လာတဲ့အခါမှာ ဂျွန်ကလိုင်းပေါ်ကနေ ရုရှားမလေးတစ်ယောက်ကို လှမ်းမှာခဲ့ပါတယ်။ဒီလိုနဲ့ သူ့ဆီကို နာဒီယာ ဆိုတဲ့ရှရှားမလေးတစ်ယောက်ရောက်လာခဲ့တဲ့အချိန်ကစပြီ\ဂျွန့်ဘ၀ကြီးကပြောင်းလဲသွားခဲ့ပါတော့တယ်။ဖြစ်ချင်တော့နာဒီယာက အင်္ဂလိပ်စကားမပြောတတ် ဂျွန်ကလည်းရုရှားစကားမပြောတတ်နဲ့နှစ်ယောက်သားတိုင်ပတ်နေရင်းနဲ့နာဒီယာ့မွေးနေ့ရောက်တဲ့အခါမှာတော့ ဂျွန်က သူ့အတွက်မွေးနေ့လုပ်ပေးခဲ့ပြီး နာဒီယာကလည်းသူ့သူငယ်ချင်းနှစ်ယောက်ကိုဖိတ်ထားခဲ့ပါတယ်။ဒါပေမဲ့ သနားစရာဂျွန့်အတွက် စိတ်မကောင်းစရာကတော့နာဒီယာနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကလုပ်စားနေတဲ့ လူလိမ်တွေဖြစ်နေတဲ့အခါမှာတော့ သူတို့ ၄ ယောက်သားဘာတွေဆက်ဖြစ်သွားမှာလဲ..။ဂျွန်နဲ့ နာဒီယာရဲ့ အချစ်ကရော ဒီအတိုင်း ပြီးဆုံးသွားမှာလား..ဆိုတာကို ရှုစားရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။