ယူကရိန်းစကားပြော ဟာသရုပ်ရှင်လေးပါ။ ဒါရိုက်တာ Mitya Shmurak ကရိုက်ကူးထားပြီး rating လည်း အဆင်ပြေ၊ ရယ်လည်းရယ်ရတာကြောင့်စိတ်အပန်းပြေစေမှာ ကျိန်းသေပါပဲ။ဒီရုပ်ရှင်ကို ကြည့်လိုက်ရတော့ အရမ်းမနှိင်းကောင်းပေမယ့်12 Angry Men (1957) ရုပ်ရှင်ကိုတောင် သတိရစေပါတယ်။လူ(၁၂)ယောက် စုထိုင်ပြီး ကိစ္စတစ်ခုခုကို ဖြေရှင်းကြသလိုပဲအခုရုပ်ရှင်လည်း ဒီလိုသဘောပါပဲ။ဇာတ်လမ်းသဘောကဝောာ့ ယူကရိန်းနိုင်ငံမှာရှိတဲ့ တိုက်တစ်ခုမှာ မီးအရမ်းပျက်ပါတယ်။ဒီနိုင်ငံလိုမျိုး အချိန်နဲ့ပဲ လာတာပါ။ ဒါကြောင့် တိုက်ခန်းပိုင်ရှင်တွေဟာ ငွေစုပြီးမီးစက်ဝယ်ဖို တိုင်ပင်ကြပါတယ်။ လူတွေရဲ့ သဘောသဘာဝအတိုင်း မီးစက်ကိုဘယ်နားမှာထားမယ် ဘယ်လိုသုံးမယ်ဘယ်သူဆီဖြည့်မယ် ဘာညာတွေတိုင်ပင်ပြီး ရန်တွေဖြစ်ကြပါတယ်။နောက်ဆုံးမှာ ဘယ်လိုအဆင်ပြေသွားလဲဆိုတော့…