A Hundred Lies FHD

A Hundred Lies

Crime Drama Music FHD 2024-06-06 5.5 95 Min

ဒီတစ်ခါမှာတော့ Canadian Crime Drama ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ဒါရိုက်တာ Rouzbeh Heydari က ရိုက်ကူးပေးထားပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် Rob Raco, Dana Abraham,Humberly González, Brandon McKnight တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သီချင်းဆို၊သီချင်းရေးရတာကို ဝါသနာပါတဲ့ရစ်ကီဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကို ထောက်ပံ့ဖို့အတွက်ဘားတစ်ခုမှာစားပွဲထိုးနေရပါတယ်။ တစ်နေ့တော့ သူဟာ သီချင်းထုတ်လုပ်သူတစ်ယောက်နဲ့တွေ့ပြီးတော့ သီချင်းခွေထုတ်ဖို့ဖြစ်လာပါတယ်။အဲဒီလိုနဲ့ သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီးတော့ရုတ်တရက်နာမည်ကြီးလာ၊ ပရိသတ်တွေရလာပါတယ်။ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေလဲဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ မထင်မှတ်ထားတဲ့ လောကဓံရဲ့ရက်စက်မှုတွေ၊နေ့ချင်းညချင်းရလာတဲ့ အောင်မြင်မှုတွေကြားကနေ ရစ်ကီဘယ်လိုရုန်းကန်ရမလဲ။ ဘယ်လိုလှည့်ကွက်တွေ ရှိနေမလဲ။IMDb မှာrating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ကြည့်ရှုသူတွေကိုရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။