Shaadi Ke Side Effects HD

Shaadi Ke Side Effects

Comedy Romance HD 2014-02-28 5.3 145 Min

ရှာရွတ်ရဲ့ နာမည်ကျော် Donရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သလိုသရုပ်ဆောင်နဲ့ အဆိုတော်လည်းဖြစ်တဲ့ နာမည်ကျော်ဟင်ဒီအနုပညာရှင် ဖာဟန်အက်ခ်တာနုစဉ်အခါက သရုပ်ဆောင်ခဲ့တဲ့ အဟောင်းထဲက ကားကောင်းလေးတစ်ကားပေါ့။မင်းသမီးအနေနဲ့ကလည်း ပါကစ္စတန်အိန္ဒိယနယ်စပ်က ဆောင်ကြာမြိုင်မှာအရမ်းကြမ်းခဲ့တဲ့ Begum Jaan (2017)က မင်းသမီး ဗစ်ဒ်ယာဘာလန်ဆိုတော့ညွှန်းနေဖိုတောင်မလိုသလောက်ပါ။ဒီဇာတ်ကားလေးထဲက ဆစ်ဒ်နဲ့ ထရီရှာက သိပ်ချစ်ကြတဲ့ လင်မယားတွေပေါ့။သူတိုရဲ့အိမ်ထောင်ရေးကလည်း သိပ်ကိုသာယာခဲ့ပါတယ်။ဆစ်ဒ်ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ “ကိုယ်မှားရင် ကိုယ်တောင်းပန်တယ်၊မိန်းမ မှားရင်လည်း ကိုယ်ပဲတောင်းပန်တယ်” တဲ့။ ဒီလိုနဲ့ လေပြည်ပြီး မုန်တိုင်းရောက်ရှိလာပါတော့တယ်။အဲဒါကတော့ ထရီရှာမှာ ကိုယ်ဝန်ရှိလာတာပါပဲ။ ၃-၄ လနေရင် ရာထူးတိုးတော့မယ့်ထရီရှာနဲ့ ခုမှပထမဆုံးအယ်လ်ဘမ်ကို အသံသွင်းဖိုကြိုးစားနေဆဲ တေးရေးဆရာပေါက်စဆစ်ဒ်တိုအတွက်တော့ ကလေးယူဖို အဆင်သင့်မဖြစ်သေးပါဘူး။ဒီလိုနဲ့ ကလေးကိုမယူဖိုဆုံးဖြတ်ကြပြီး ဖျက်ချဖို ဆေးရုံကိုရောက်ရှိလာပါတော့တယ်။ဆရာဝန်တွေက ထရီရှာကို အော်ပရေးရှင်းလုပ်နေစဉ်အတွင်းမှာ ဆစ်ဒ်ကအပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။အဲဒီအချိန်မှာ ဆစ်ဒ်ကလွဲလို ဘယ်သူမှ မသိလိုက်တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့ဆစ်ဒ်လည်း ခွဲခန်းထဲအထိလိုက်ဝင်ပြီး ကလေးကိုယူပါတော့မယ့်အကြောင်းပြောပြီးအော်ပရေးရှင်းဆက်မလုပ်စေတော့ပါဘူး။ထရီရှာရဲ့အမေကလည်း အလုပ်အကိုင်အတည်တကျမရှိတဲ့ဆစ်ဒ်နဲ့သဘောမတူပါဘူးဆိုမှ အခုကလေးပါယူမယ်ဆိုတော့ သူတိုကိုအမြင်မကြည်ဝောာ့ပါဘူး။ဒါပေမဲ့ဆစ်ဒ်ကတော့ ကမ္ဘာမှာ အကောင်းဆုံးဖခင်ဖြစ်ဖို အစွမ်းကုန်ကြိုးစားပါတော့တယ်။သူ့မိန်းမရဲ့ ကိုယ်ဝန်‌ဆောင်သည်ခံစားချက်ကိုသိရအောင် ပူဖောင်းထည့်ပြီး သူပါလိုက်နေတာ‌မျိုးကစလိုပေါ့။ခွဲခန်းအပြင်မှာ ဆစ်ဒ်ကြုံတွေ့ခဲ့ရတာ ဘာပါလဲ၊ ဖခင်ကောင်းဖြစ်အောင် သူကြိုးစားနိုင်ပါ့မလားထရီရှာရဲ့မိခင်နဲ့ ဘယ်လိုပြေလည်အောင်ညှိနှိင်းမလဲဆိုတာတွေကိုဟာသလေးနှောပြီး ရင်သပ်ရှုမောကြည့်ရှုအားပေးကြပါဦး။