A Merry Royal Christmas HD

A Merry Royal Christmas

Comedy Romance TV Movie HD 2024-11-01 4 88 Min

ဒီတစ်ခါမှာတော့ မိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ၂၀၂၄ ထွက်ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပွဲစီစဥ်သူဖလစ်စတီဟာ အလုပ်ထွက်ခါနီးဆဲဆဲအင်္ဂလိပ်တော်ဝင်မျိုးနွယ်တစ်ခုရဲ့ မင်္ဂလာပွဲကို စီစဥ်ပေးဖို စေလွှတ်ခံရပါတယ်။တော်ဝင်မင်္ဂလာပွဲတွေဟာ ခရစ်စမတ်နေ့မှာပဲလုပ်ကြတာကြောင့်အားလပ်ရက်မှာ အမေရိကန်ကနေ အင်္ဂလန်ကို ခရီးထွက်လာရင်း လမ်းမှာသူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်။ နောက်မှသူသိလိုက်ရတာကဒီသူစိမ်းက သူမင်္ဂလာပွဲစီစဥ်ပေးရမယ့် သတိုသမီးရဲ့မောင် ၊ ထီးနန်းဆက်ခံမယ့်မင်းသား ဖြစ်နေတာပါပဲ။မင်္ဂလာပွဲနီးလာတာနဲ့အမျှ ဖလစ်စတီနဲ့ မင်းသားတိုနှစ်ယောက်သားတော်ဝင်စံနှုန်းတွေနဲ့ကိုက်ညီအောင် ပွဲစီစဥ်ရင်း နှစ်ဦးကြားမှာသံယောဇဥ်နဲ့ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။အညတရအမေရိကန်ကောင်မလေးနဲ့ အင်္ဂလိပ်တော်ဝင်မင်းသားတိုနှစ်ယောက်လွတ်လပ်မှုနဲ့နဲ့ ထုံးတမ်းစဥ်လာ ၊ အချစ်စစ်နဲ့တိုင်းပြည်တာဝန်ကြား လွန်ဆွဲပွဲမှာဘာကိုစွန့်လွှတ်ပြီး ဘာကိုရွေးချယ်ကြမလဲ။ဒီရုပ်ရှင်မှာ ခရစ်စမတ်ရဲ့ ကြည်နူးဖွယ်ရိုက်ချက်လေးတွေနဲ့အတူလေးနက်တဲ့တော်ဝင်မင်္ဂလာဆောင်တွေရဲ့ ထုံးတမ်းအစဥ်အလာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ။ပွဲစီစဥ်သူ ဖလစ်စတီအဖြစ် ကက်သရင်းဒေးဗစ် ၊မင်းသားနေရာမှာ ဂျက်မူရေးနဲ့ သတိုသမီးအဖြစ်ရေဗက်ကာဖင်းတိုက အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။