ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မူးယစ်ရာဇာ ဟန်တုန်းဝမ့်နဲ့သူ့အဖွဲ့ကို အပိုင်ဖမ်းဖို့ ဗျူဟာချပြီး အထူးရဲတပ်ဖွဲ့ရဲအရာရှိရှန်အောင်ပါဝင်တဲ့တပ်ဖွဲ့ဟာ အဖွဲ့၂ဖွဲ့ခွဲပြီးတော့ လှုပ်ရှားပါတော့တယ်ဗျူဟာက အရမ်းသေသပ်တော့ ဟန်တုန်းဝမ့်တစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်ဒါပေမယ့် သူ့သားဖြစ်သူကတော့ လွတ်သွားခဲ့ပါတယ်အဲ့ကနေမှ ရှန်အောင်တစ်ယောက် အထူးရဲတပ်ဖွဲ့ကနေပြီးတော့မူးယစ်ရှင်းလင်းရေး အဖွဲ့ဆီကို ဒုအဖွဲ့ခေါင်းဆောင်အဖြစ်ရွှေ့ပြောင်းခံလိုက်ရပါတယ်သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ ဝမ်ကျင်းကန်းတို့နဲ့အတူ အဲ့မြို့မှာရှိတဲ့မူးယစ်ဆေးအမှုအမြောက်အမြားကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ အတိတ်ကမပြီးဆုံးနိုင်သေးတဲ့အရှုပ်ထုတ်တစ်ခုကသူ့နောက်ကိုတစ်ကောက်ကောက်လိုက်လာတဲ့အချိန်မှာတော့….