ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့်ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင်ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်….ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီးအသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလိုဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှသူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ …ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလားချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်….ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေအချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ…ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး…ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကိုလေ့ကျင့်ရတာက တစ်မျိုး…နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင်ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့…မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ….သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ…နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲအဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီးပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…