Ocean's Twelve HD

Ocean's Twelve

Crime Thriller HD 2004-12-09 6.564 125 Min

George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော်သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား…2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ဆုတံဆိပ် ၄ ခုနဲ့ စံကာတင်စာရင်း ၁၀ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ်ထင်ပါတယ်ခင်ဗျ။ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ….LA က ကာစီနိုတွေကို တစ်ညတည်းနဲ့ ဖြောင်ခဲ့အပြီးမှာတော့Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့ဟာ ပြဿနာအကြီးစားကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါပြီ။အဲဒါကတော့ LA သမိုင်းမှာ အကြီးစားလုယက်မှုအဖြစ် တမ်းဝင်သွားခဲ့ပေမယ့်လည်းသူတို့အဖွဲ့သားတွေဟာ ခိုးလာတဲ့ ပိုက်ဆံတော်တော်များများကို သုံးဖြုန်းပစ်လိုက်မိပါပြီ။ကာစီနိုသူဌေး Terry Benedict (Andy Garcia) က သူ့ငွေတွေ ဆုံးရှုံးသွားတဲ့အတွက် ဒေါသူပုန်ထလို့ မပြီးနိုင် သေးပါဘူးခင်ဗျ။ဒီတော့ကာ Ocean အဖွဲ့ကို သူ့ပိုက်ဆံတွေအပြင် နောက်ထပ် millionနည်းနည်းလောက် ထပ်ဆောင်းပေးဖို့ တောင်းဆိုလို့လာပြန်ပါတယ်။ ပြောရရင်တော့ ပေးမလား Jail မလားပေါ့ဗျာ။ဒီမှာတင် အကုန် အကြပ်ရိုက်ကုန်ကြပြီ။ ခြူးကလည်း တစ်ပြားမှ ပြန်မထုတ်နိုင်ဆိုတော့တစ်ဖွဲ့လုံး နောက်ထပ်ဂွင်ဖန်ရင်ကောဆိုတဲ့ စိတ်တွေရောက်သွားကြပါတယ်။ဒီတစ်ခါကတော့…. ဟဲ ဟဲ ဟဲ ဥရောပတစ်ခွင် ဗြန်းဗြန်းဆင်ပေါ့ဗျာ…။