အရှေ့တီမော ကို အင်ဒိုနီးရှားတို့ ကျုးကျော်တဲ့ ကျူးကျော်စစ်ပွဲအတွင်းမှာ အော်စတြေးလျ သတင်းထောက် ငါးယောက်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ လေးပတ်အကြာမှာတော့နိုင်ငံခြားဝါရင့်သတင်းထောက် Roger East ဟာ တီမောနိုင်ငံသား José Ramos-Horta ကြောင့် ပျောက်နေတဲ့ သူတွေကို ရှာဖို့ဖြစ်လာပါတော့တယ်။သူတို့နှစ်ယောက် ဒီကျူးကျော်စစ်အတွင်းမှာဘယ်လိုပြသနာတွေကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ပျောက်နေတဲ့ သတင်းထောက်တွေကို ပြန်တွေ့သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ နှစ်ပေါင်း ၃၀လောက်ဖုံးကွယ်ခံထားရတဲ့ ပြစ်မှူတွေရဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် လုံးဝကို ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။