ဗြိတိန်သံတမန်တစ်ဦးဖြစ်တဲ့ Edward Abbot က 1918 မှာ သူနဲ့စေ့စပ်ထားတဲ့ချစ်သူ Molly Singleton က မင်္ဂလာဆောင်ဖိုအတွက် သူအလုပ်လုပ်တဲ့မန္တလေးမြို့ကိုရောက်လာလို့အိမ်ထောင်ပြုရမှာကြောက်ပြီး ထွက်ပြေးသွားခဲ့တယ်။Edward တစ်ယောက် အရှေ့တောင်အာရှနိုင်ငံတွေအကုန်လုံးက မြို့တစ်မြို့ချင်းစီကိုခရီးသွားပြီး လွတ်အောင်ပြေးနေချိန် Molly ကလည်း Edwardနောက် တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်တိုက်လိုက်ရှာခဲ့တယ်။ဒီ film က သူတိုနှစ်ယောက်ရဲ့ မတူညီတဲ့ခရီးလမ်းအတွေ့အကြုံတွေကို ဇာတ်ကြောင်းပြန်တာနဲ့ documentary ဆန်ဆန် ရောစပ်ရိုက်ကူးထားပြီးကိုလိုနီခေတ်ကသမိုင်းကြောင်းတွေ၊ အချိန်ရွေ့လျားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အဖြူအမည်း ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။