Rally Caps FHD

Rally Caps

Drama Family Adventure FHD 2024-04-09 8.3 96 Min

ဒီ ဇာတ်ကားလေးကတော့ အမေရိကန် ဘေ့စ်ဘောလိဂ် (မေဂျာလိဂ်) မှာတစ်ဦးတည်းသောာ နားမကြားရတဲ့ ကစားသမားအဖြစ် ထင်ရှားတဲ့Curtis Pride က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဂျော်ဒီ တို့ မိသားစုက မိသားစုအစဥ်အဆက် ဘေ့စ်ဘောအားကစားကိုဝါသနာပါသူတွေပါ … ဂျော်ဒီရဲ့ အစ်ကိုဖြစ်သူကလည်း ကောလိပ်အသင်းမှာကစားနေပြီး လက်စွမ်းကောင်းတယ်လို့ အများကသတ်မှတ်ထားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ‌ဂျော်ဒီ တစ်ယောက်လည်း အငယ်တန်းလိဂ်အတွက်လက်ရည်အစမ်းသပ်ခံဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လက်ရည်စမ်းသပ်မှုလုပ်နေရင်းမှာပဲဘတ်တံတစ်ချောင်းက ဘောလုံးရိုက်တဲ့သူ လက်ထဲကလွတ်ထွက်သွားပြီး ဂျော်ဒီ ရဲ့ မျက်နှာကို ထိသွားတာကြောင့် ဒဏ်ရာအကြီးအကျယ်ရသွားပါတော့တယ်။ ထရော်မာတွေ ရသွားတဲ့ ဂျော်ဒီဟာဘေ့စ်ဘောအားကစားကိုလည်း ဆက်မကစားတော့ဘဲ တစ်နေ့တစ်နေ့အခန်းတွင်းပုန်းကာ မှိုင်တွေလို့နေပါတော့တယ်။သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ရင်း စိတ်မကောင်းတဲ့ အမေ ဖြစ်သူကဂျော်ဒီရဲ့ အစ်ကိုရော့ ရှိတဲ့ ဘေ့စ်ဘောကမ့် ကို နွေရာသီမှာ ‌ဂျော်ဒီ့ကိုပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကမ့်ရောက်တဲ့အခါမှာတော့ ဂျော်ဒီတစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သူ့စိတ်ထဲကစိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအသစ်တွေနဲ့ အတူတူ ဒီနွေရာသီမှာ‌ဂျော်ဒီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာ။