ဇာတ်လမ်းအကျဥ်းကတော့ နိုအာ နဲ့ နာအိုမီတို့ ဇနီးမောင်နှံရဲ့အက်ကြောင်းထလာတဲ့ အိမ်ထောင်ရေးတစ်ခုဟာ မီးပျက်ညတစ်ည ပြီးတဲ့နောက် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာပါပဲ ။ရေးလ်တက္ကသိုလ်မှာတည်းက မြင်မြင်ချင်း ချစ်မိပြီးလက်ထပ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာ အများအမြင်မှာတော့ လိုက်ဖက်ညီပြီးတော့အောင်မြင်တဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ အတွင်းပိုင်းမှာတော့အက်ကြောင်းတွေ ထနေတဲ့ သူတို့ ဆက်ဆံရေးကိုနိုအာကအသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေက လျစ်လျူမရှုနိုင်လောက်အောင်ကြီးမားလွန်းနေတာပါပဲ ။ ဒီလျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲအဆုံးသတ်မှာ သူတို့ ဆက်ဆံရေးက ပိုကောင်းလာမှာလားပိုဆိုးသွားမှာလားဆိုတာကိုတော့ Secrets 2024 ရုပ်ရှင်မှာဆက်လက် ကြည့်ရှုလိုက်ရအောင်နော် ။