A Nanny to Die For HD

A Nanny to Die For

Thriller HD 2024-10-11 8.3 0 Min

ဆာရာနဲ့ မာ့ခ်တို့ဟာ တစ်​ဦးတည်သောသမီးလေးကို ပိုင်ဆိုင်ထားတဲ့ သာယာတဲ့အိမ်ထောင်မိသားစုလေးပါ။သူတို့ရဲ့သမီးလေး အက်ရှ်လေဟာ ဆယ်ကျော်သက်ဝန်းကျင်ထဲကိုဝင်စပြုလာပါတယ်။ဒီလိုနဲ့ဆာရာကလည်း အလုပ်ပြန်လုပ်တော့မယ်ဆိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချရတော့တာပေါ့။ဒီလိုနဲ့ပဲ ဆာရာနဲ့မာ့ခ်တို့ လင်မယားတို့နှစ်ယောက် ကိုယ်စီအလုပ်လုပ်ရတော့မှာမလို့ ကလေးနဲ့အိမ်ကိုကြည့်ဖို့ဆိုပြီး ကလေးထိန်းတစ်ယောက်ကို အင်တာဗျူးရင်းလိုက်ရှာပါတော့တယ်။အဆင်မပြေမှုများစွာဖြစ်ပြီးနောက်ပိုင်းမှာ မထင်မှတ်ထားစရာနဲ့ဘဲ ဂျက်စမင်လို့ခေါ်တဲ့လူငယ်မိန်းကလေးတစ်ယောက်ဟာ သူတို့ရဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတာကိုတွေ့သွားပါတယ်။အစပိုင်းမှာတော့ ဆာရာတို့မိသားစုနဲ့ လိုလေသေးမရှိအောင် အဆင်ပြေနေကြမယ့် ဂျက်စမင်ရဲ့နောက်ကွယ်ကသရုပ်မှန်က ဘယ်လိုလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။