The Mehta Boys HD

The Mehta Boys

Comedy Drama Family HD 2024-09-20 8.3 116 Min

သွေးသည်ရေထက်ပျစ်သည် 3 idiots လိုမသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ရုပ်ရှင်မှာတက္ကသိုလ်က‌ ပါမောက္ခကျောင်းအုပ်နေရာကနေဗီရူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Boman Irani ကဒီရုပ်ရှင်ထဲမှာ ကိုယ်တိုင် ဒါရိုက်တာရော မင်းသားအနေနဲ့ပါ ပါဝင်ထားပါတယ်။လူသား‌တွေအနေနဲ့ မွေးကတည်းက စတင်ထိတွေ့ ရင်းနှီးရတာ ကိုယ့်မိခင်နဲ့ဖခင်ပါ။သူတို့ရဲ့မေတ္တာတရားတွေ စောင့်ရှောက် ဆုံးမမှုတွေနဲ့ ကြီးပြင်းလာရပြီးလူလားမြောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ကတောက်ကဆ ဖြစ်လာတတ်ကြပါတယ်။ဒီဇာတ်ကားလေးမှာလည်း အာမေဆိုတဲ့ ဗိသုကာပညာရှင်လေးဟာသူ့မိခင်ဆုံးပါးသွားချိန်ကစလို့ သူနဲ့စကားကြောမတည့်မျက်နှာကြောမတည့်ဖြစ်နေရတဲ့ဖခင်နဲ့ အတူနေရပါတော့တယ်။သူ့ဖခင်အနေနဲ့လည်း ဇနီးဖြစ်သူက ဆုံးပါးသွားလို့ စိတ်ထိခိုက်နေရတဲ့အပြင်သူတစ်သက်လုံးနေထိုင်ကြီးပြင်းခဲ့ရတဲ့ နေရပ်ဒေသကိုစွန့်လွှတ်လို့တစ်ခြားဒေသမှာနေရဖို့ဖြစ်လာတဲ့အခါမှာတော့သားဖြစ်သူနဲ့ ပိုလို့မတည့်တော့ပါဘူး။ဒီလို ဆက်ဆံရေးမပြေလည်ရာကနေ အေးစက်မလိုဖြစ်နေတဲ့ယောက်ျားသားနှစ်ဦးကို ကြားထဲကညှိနှိုင်းပေးနေရတာကတော့အာမေရဲ့အစ်မဖြစ်သူ အာနူပါ။ဘယ်လိုပဲစကားများရန်ဖြစ်ကြတယ်ဆိုဆို မိသားစုဆိုတာအချိန်တန် အရေးကြုံရင် ပြန်လည်စည်းလုံးပေါင်းစည်းကြရ‌တာမို့သူတို့သားအဖ ဘယ်လိုပြေလည်ကြမလဲ၊ အာနူကဘယ်လိုညှိနှိုင်းပေးရမလဲ၊သူတို့ရဲ့ဖခင်ကရော ပြောင်းသွားတဲ့နေရာမှာ အဆင်ပြေသွားလားဆက်လက်နေထိုင်ဖြစ်သွားလားဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။