Mafia Wars FHD

Mafia Wars

Action Crime Thriller FHD 2024-10-11 6.3 98 Min

မာဖီးယားကားတွေကြိုက်နှစ်သက်သူတွေအတွက် အီတလီမာဖီးယားအက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ တိုက်တာခိုက်တာကြမ်းတာရမ်းတာနှစ်သက်သူတွေအတွက်တော့ အပျင်းပြေကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Mafia Wars ဖြစ်ပြီး ရဲတွေကမာဖီးယားတွေရဲ့လုပ်ငန်းတွေမှာ အသွင်ယူတာကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်တယ်ရီလို့ခေါ်တဲ့ ထောင်သားတစ်ယောက်က ထောင်ကလွတ်လွတ်လာချင်းမှာ ပတ်စ်ပို့ပြန်မရသေးဘဲ စုံထောက်တစ်ယောက်ရဲ့ခြိမ်းခြောက်မှုကိုဆီးကြိုခံလိုက်ရပါတော့တယ်အီတလီမှာအကောင်ကြီးမိသားစုတစ်စုက ဥရောပတစ်ခွင်လုံး ၁၀ နှစ်လောက် အေးဆေးပြဲနေလို့ရတဲ့ပမာဏရှိတဲ့ မူးယစ်ဆေးတွေရောင်းဖို့ရှိတယ်လို့သတင်းကြားထားပေမဲ့အချက်အလက်တိတိကျကျကိုမသိရသေးတဲ့အတွက် စုံထောက်က တယ်ရီ့ကိုအသွင်ယူခိုင်းပြီး သတင်းနှိုက်ဖို့ခြိမ်းခြောက်ပါတော့တယ်။တယ်ရီလည်း သူချစ်တဲ့မိသားစုရှိတဲ့မြေကိုပြန်ဖို့အတွက်ဒီအပေးအယူကိုလက်ခံလိုက်ရပြီး အသွင်ယူစလုပ်ခဲ့ပါတော့တယ်။ကံကောင်းချင်တော့ မူးယစ်ဆေးလုပ်ငန်းထဲကအကောင်ကြီးတစ်ယောက်ရဲ့ညီဖြစ်သူကို ထောင်ထဲမှာကယ်ထားဖူးတဲ့အတွက်ချက်ချင်းပဲအဖွဲ့ထဲရောက်သွားပါတော့တယ်။ ဒီလိုနဲ့ တယ်ရီတစ်ယောက် အသက်အန္တရာယ်တွေကြားက စွန့်စွန့်စားစား အသွင်ယူလုပ်ရင်း ဒီမူးယစ်ဆေးလုပ်ငန်းကြီးကိုဖော်ထုတ်ဖမ်းဆီးသွားနိုင်မလားဆိုတာကို အက်ရှင်အကြမ်းတွေနဲ့ရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။