2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ultraviolet ဟာ သိပ္ပံစိတ်ကူးယဉ်အက်ရှင် ဇာတ်ကားတစ်ခုဖြစ်ပြီး၊ Resident Evil ထဲက Milla Jovovich က မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ သူမက Violetအဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်။အနာဂတ်ကမ္ဘာမှာ Hemophages လို့ခေါ်တဲ့သွေးစုပ်သတ္တဝါ ဗီဇပြောင်းလဲသူတွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ သိမြင်ခံထားရပြီး အစိုးရက သုတ်သင်ဖို့ ကြိုးစားနေပါတယ်။ Violeဟာသွေးစုပ်သတ္တဝါ တစ်ဦးဖြစ်ပြီး သူမ့ရဲ့ မိသားစုကို မတရားသတ်ဖြတ်ခံခဲ့ရတဲ့အတွက် အစိုးရကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တစ်နေ့မှာ သူမဟာ အရေးပါတဲ့ ဇီဝလက်နက် တစ်ခုကိုခိုးယူဖို့တာဝန်ကျရောက်လာခဲ့ပြီး၊ ထိုလက်နက်ဟာ Six လို့ခေါ်တဲ့ ကလေးတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ့ကို သတ်ဖို့ ညှင်းပမ်းခံရပေမယ့် Six ဟာ လူသားမျိုးနွယ်စုတစ်ခုလုံးကိုကယ်တင်နိုင်မယ့် သူဖြစ်နေတာကို သိလိုက်တဲ့အခါမှာတော့ Violet ဟာ သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူမဟာ အစိုးရနဲ့ တိုက်ရိုက်တော်လှန်ရင်း၊ သွေးစုပ်သတ္တဝါ တွေရဲ့မျိုးဆက်အနာဂတ်ကို ပြောင်းလဲပေးနိုင်မယ့် တိုက်ပွဲထဲရောက်သွားပြီးတကယ်ပဲမျိုးဆက်အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့မှာလားSixနဲ့သူမနဲ့ ရောဘာတွေဆက်ဖြစ်သွားမှာလဲSix ဟာသူတို့ကိုတကယ်ရော ကယ်တင်နိုင်ရဲ့လားကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။