လူတစ်ယောက်ကိုတကယ်ချစ်မိသွားဖို့က အချိန်အကြာကြီးမလိုအပ်ဘဲတစ်ဒင်္ဂအတွင်းမှာလည်းဖြစ်ပျက်သွားနိုင်ပါတယ်” ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ကျူးထားတဲ့ Wish You Are Here ကတော့ Romance အမျိုးအစားအချစ်ကာဖြစ်ပါတယ်။စားပွဲထိုးမလေးရှားလော့တစ်ယောက် သူငယ်ချင်းနဲ့အပြင်ထွက်ရင်းမထင်မှတ်ဘဲ အဒမ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညတာအတူနေခဲ့မိကြပါတယ်။ ရှားလော့ထင်မထားခဲ့မိတာက အဲဒီတစ်ညဟာသူ့ဘဝအတွက်အရေးပါဆုံးနဲ့အပျော်ရွှင်ဆုံးဖြစ်လာခဲ့တာပါပဲ။ဒါပေမဲ့ အရာရာကိုမေ့တတ်လွန်းတဲ့အဒမ်ဟာ ရှားလော့ထင်သလိုရိုင်းစိုင်းတဲ့ကောင်လေးတစ်ယောက်မဟုတ်ဘဲကင်ဆာဝေဒနာတစ်ခုကြောင့်သေရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ ရှားလော့ဟာအဒမ်ရဲ့နောက်ဆုံးအချိန်တွေမှာ အတူရှိနေပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဒမ်က သူမရှိတော့တဲ့အချိန်မှာရှားလော့တစ်ယောက် ဘဝကိုရှေ့ဆက်ပြီးလူကောင်းတစ်ယောက်နဲ့တွေ့ဖို့မျှော်လင့်ပေမယ့်လောကကြီးကနေ အဒမ်ထွက်ခွာသွားချိန်မှာ ရှားလော့ကတော့ဖြေရာမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ရှားလော့တစ်ယောက်မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ကူညီဖေးမမှုတွေကြောင့်အဒမ်ဖြစ်စေချင်ခဲ့သလို ဘဝကိုရှေ့ဆက်ပြီးလူကောင်းတစ်ယောက်နဲ့လည်းဆုံစည်းနိုင်ခဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။