Lost on a Mountain in Maine FHD

Lost on a Mountain in Maine

Drama Family Adventure FHD 2024-11-01 6.35 115 Min

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ်တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက်အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်….တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကိုပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ဇာတ်လမ်းတစ်ပုဒ်လိုရောမှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်…ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာအရေးတင်းမာပုံနေကိုရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာတင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သားတစ်ယောက်ရဲ့လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ်ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင်တစ်ယောက်ရဲ့ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေအပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံအပြစ်မကင်းခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်…Donn Fendlerဆိုတဲ့မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာအလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီးမျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံလက်တွေ့ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီးDonn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ်Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကိုပြန်လည်ဖာထေးဖို့ တောင်တက်ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn တစ်ယောက်ကတော့ ကြေလည်ကျေနပ်ခြင်းမရှိခဲ့ပါဘူး သို့ပေမဲ့လည်း တောင်တက်ခရီးစဉ်မှာတော့Donn တစ်ယောက်လိုက်ပါလာခဲ့ပါတယ်ခရီးစဉ်တစ်နေရာအရောက်မှာ ဖခင် Donald ရဲ့ပြန်ဆင်းကြဖို့ အဆိုပြုချက်ကိုငြင်းဆန်ရင်း Donn တစ်ယောက် ညီဖြစ်သူ Ryan နဲ့ လမ်းပြတစ်ယောက်ကိုအဖော်လုပ်ကာတောင်ထိပ်ရောက်တဲ့ထိ ဖခင်မပါဘဲ တက်ရောက်ခဲ့ပါတယ်တောင်ထိပ်အရောက်မှာတော့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ညီဖြစ်သူ Ryan နဲ့အချင်းများကာ ထွက်ပြေးရင်း Donn တစ်ယောက် မြူဆိုင်းနေတဲ့တောင်ပေါ်ကလိမ့်ကျကာ ပျောက်ဆုံးခဲ့ရပါတော့တယ် Fendler မိသားစုဟာ သားပျောက်ကိုရှာဖွေဖို့ တတ်နိုင်သမျှအကူအညီတွေ များနိုင်သမျှများအောင်တောင်းခံရင်းမိန်းပြည်နယ်ရဲ့အကြီးဆုံးလူပျောက်ရှာပွဲအဖြစ်မှတ်တမ်းဝင်တဲ့အထိလူအများအပြားလာရောက် အကူအညီပေးခဲ့ကြပါတယ် သို့သော်လည်းအပူချိန်ရေခဲမှတ်အောက်ရောက်အောင် အေးတတ်ကာမိုးသီးမိုးပေါက်ကြွေတတ်ပြီး မိုးကြိုးမုန်တိုင်းထန်တတ်တဲ့ Katahdin တောင်ပေါ်မှာတစ်ပတ်ကျော်ကြာပြီးတိုင် ရှာမတွေ့သေးသည့် Donn တစ်ယောက်အသက်ရှင်နေနိုင်လိမ့်မယ်ဆိုတာကို Fendlerမိသားစုကလွဲပြီး ဘယ်သူမှမယုံကြည်ကြတော့တဲ့နောက်မှာတော့…Fendler မိသားစုတို့ Donn တစ်ယောက်ကို ပြန်တွေ့နိုင်မလား………ပြန်မတွေ့ခဲ့ရင်ဘယ်လိုတွေဖြစ်သွားကြမလဲ………..ပြန်တွေ့ခဲ့ရင်ရော ဘယ်လိုဘယ်ပုံပြန်တွေ့ကြမလဲ…………အသက်ရှင်လျက်လား သေလျက်လား စတဲ့ မေးခွန်းတွေကိုတော့ရုပ်ရှင်ချစ်သူများအနေနဲ့ ဒီကားလေးမှာပဲကြည့်ရှုခံစားအဖြေရှာကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ……………