ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီးLuke Ryan, Saoirse Tiernan, Colson Branum စတဲ့မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့တောအုပ်ထဲကို ရတနာရှာပုံတော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်ကဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်းသတင်းရတဲ့အခါသွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကိုသွားကြဖို့ ဖြစ်လာခဲ့ပါတယ်။ မွေးရာပါဝေဒနာကိုခံစားနေရပြီးဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်းဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အကောင်အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကိုခရီးထွက်ခဲ့ပါတယ်။ဒါပေမယ့် တောထဲရောက်တော့မှ မြေပုံကအမှန်မဟုတ်တာသိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေစတက်ပါတော့တယ်။တောထဲကဆယ်ကျော်သက်အုပ်စုကလူသားစားတဲ့ဆိုက်ကိုကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ…တောထဲကရော လွတ်မြောက်သွားနိုင်မလား…ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ဇာတ်ကားလေးကိုကြည့်ရှုရင်းအဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။