Detective Dee and Fire Unicorn HD

Detective Dee and Fire Unicorn

Action Fantasy Mystery HD 2022-01-07 3.4 90 Min

Detective Deeရဲ့ စုံထောက်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ်အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီးဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကိုပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာတလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကိုခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာအမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ဘယ်ကရောက်လာတာများလဲ။ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်ကဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့အခုပဲကြည့်လိုက်ကြရအောင်