Nine Queens HD

Nine Queens

Crime Drama Thriller HD 2000-08-31 7.8 114 Min

ဝင်ငွေအရရော ပရိသတ်လက်ခံအားပေးမှုပါ အောင်မြင်မှုတွေရခဲ့တဲ့ အာဂျင်တီးနားရုပ်ရှင်ကိုတင်ဆက်ပေးပါရစေ။ဂွမ်ဆိုတဲ့လူက စတိုးဆိုင်တွေမှာ ငွေအကြွေအမ်းဖို့ရှုပ်အောင်လုပ်တဲ့အကွက်နဲ့လိုက်ပြီးလိမ်နေတဲ့ လူလိမ်အသေးစားတစ်ယောက်။တစ်နေ့တော့ တစ်ဆိုင်ထဲမှာ နှစ်ခါလိမ်မိတာအတွက် ဝန်ထမ်းတွေကဝိုင်းဖမ်းမိသွားတဲ့အချိန် မာကိုဆိုတဲ့ လူလိမ်အကြီးစားတစ်ယောက်ကဝင်ကယ်သွားခဲ့တယ်။ဒီမှာပဲ မာကိုက ဂွမ်ကို သူနဲ့အလုပ်တွဲလုပ်ဖို့စည်းရုံးပါတယ်။နှစ်ယောက်ပေါင်းမိသွားချိန်မှာပဲ ဘုရင်မကိုးပါးဆိုတဲ့ ရှားပါးအဖိုးတန်တံဆိပ်ခေါင်းကို အင်ထုပြီးရောင်းရဖို့အကြောင်းပေါ်လာခဲ့တယ်။ဇာတ်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။