Mangokal Holi ပွဲလိုခေါ်တဲ့ Batak လူမျိုးတွေရဲ့ ရိုးရာကတော့ သေသွားပြီးတဲ့ ဘိုးဘေးတွေရဲ့အရိုးကို Toba ကန်ဆီကို ပြန်သယ်ဆောင်ကြတဲ့ စျာပနပွဲဖြစ်ပါတယ်။Batak မိသားစုတစ်စုက သူတို့ဆုံးသွားတဲ့အဘေးရဲ့ အရိုးတွေကိုသယ်ပြီး Mangokal Holi ပွဲအတွက် Toba ကန်ဆီကို မိသားစုတစ်စုလုံး ခရီးထွက်ခဲ့ကြတယ်။ဒါပေမဲ့ လေယာဥ်ကအဆင်း အိတ်မှားပြီး သူတို့အဘေးရဲ့ အရိုးတွေထည့်ထားတဲ့အိတ်ကတစ်ယောက်ယောက်ဆီကို ပါသွားလေရဲ့။မိသားစုတစ်စုလုံးလည်း သူတိုအဘေးရဲ့အရိုးတွေကို စျာပနအမီသယ်သွားဖို့ အိတ်ပျောက်ရှာတဲ့ခရီးထွက်ရာက ဘယ်လိုအန္တရာယ်တွေ တလွဲတချော်တွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီပရမ်းပတာဟာသအပြည့်နဲ့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။