ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်းဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာဖြစ်ပါတယ်,,,Roos ဆိုတဲ့ အမျိုးသမီးဟာလက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက်Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကိုဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင်နေရာချပေးနိုင်တယ်လို့ယုံကြည်ထားသူတစ်ဦးပါ…ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny…လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bobပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo…မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ်Roos ဟာ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီးလိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေအခက်အခဲတွေ ခေါင်းကိုက်စရာတွေကိုရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ်ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ်စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်အပြိုင်တင်ပြထားပြီးအမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ဇာတ်ကားကောင်းလေးကိုအချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ညွှန်းဆိုပေးလိုက်ပါရစေဗျာ……….