ကွင်းဆက်လူသတ်သမားတစ်ယောက်ကို တပင်တပန်းလိုက်ဖမ်းခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေတဲ့ စုံထောက် အယ်လီ ဟာ အနားယူအားပြန်ဖြည့်ဖို့ ဇာတိမြို့လေးကို မပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတယ်မပြန်ချင်ရတာကတော့ ဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ လက်ရှိရဲမှူးကြီး ရွိုင်း၊ စစ်မှုထမ်းဟောင်း မိုင်းလ်စ်တို့နဲ့ မတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။သူ့ရဲ့ဇာတိမြို့လေး “ဝက်ဝံကြီးရေကန်”ကလည်းအပန်းဖြေစခန်းအဖြစ် နာမည်ကျော်လာစဖြစ်လို့ ခရီးသွားတွေ၊ ဘလော့ဂါတွေ ခြေချင်းလိမ်နေပါပြီ။အယ်လီရောက်ပြီး မကြာခင်မှာပဲ သူမ တပင်တပန်းလိုက်ဖမ်းခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားကထောင်ပြောင်းရင်း ကားမတော်တဆဖြစ်ကာ သူမရဲ့ဇာတိမြို့နားမှာပဲ ပျောက်ဆုံးသွားကြောင်း ကြားရပါတယ်။မကြာမီမှာပဲ မတော်တဆလိုပုံစံမျိုးတွေနဲ့ လူသတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတော့တယ်အဲဒီအချိန်မှာတော့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး စုံထောက် အယ်လီ နဲ့ ရဲမှူး ရွိုင်းတို့ အတူစုံစမ်းကြရာမှ မထင်မှတ်ထားတာတွေ ဖြစ်လာသောအခါ..