အခုတစ်ခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ မောင်တစ်ယောက်အတွက်အစ်မတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ မိခင်တယောက်ရဲ့နာကျင်မှုတွေနဲ့ လူနေမှုဘဝအခက်အခဲတွေအကြောင်းကို ဒါရိုက်တာDavid Vincent Smith က ၎င်းရဲ့ ပွဲဦးထွက်ဇာတ်ကားအနေနဲ့ပုံဖော်ပြသထားတာပဲဖြစ်ပါတယ်…ဒီကားလေးဟာဆိုရင် ဒါရိုက်တာ DavidVincent Smith ရဲ့မိသားစုထဲက မူးယစ်ဆေးသားကောင်တယောက်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပြီး မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာကနဦးပြသခဲ့ကာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေလည်း ရရှိခဲ့ပါတယ်Max ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကုစားဖို့ကြိုးစားရင်းမူးယစ်ဆေးစွဲသွားတဲ့ လူငယ်တယောက်ဖြစ်ပါတယ်ဆေးသုံးထားတဲ့အခါ မိသားစုအပြင်သူစိမ်းတွေကိုပါရန်ပြုတတ်လာတဲ့ Max ဟာ ဆေးပြယ်ချိန်ဆိုရင်တော့ ဘာတွေလုပ်မိမှန်း မမှတ်မိတော့ပါဘူး…တနေ့မှာတော့ ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အစ်မဖြစ်သူJade တယောက် မောင်ဖြစ်သူ Maxကိုအခန်းပိတ်ကာအတင်းဆေးဖြတ်ပေးဖို့ကြိုးစားပါတော့တယ်..တချိန်တည်းမှာလည်း ရဲတပ်ဖွဲ့ဟာ Max ရဲ့ ရုတ်တရက်ပျောက်ဆုံးနေမှုနဲ့အတူ Maxနဲ့သက်ဆိုင်တဲ့အမှုတခုကိုလိုက်လံစုံစမ်းနေခဲ့ပါတယ်အတင်းဆေးဖြတ်ပေးခံရတဲ့ Max တယောက် မူးယစ်နွံကနေရုန်းထွက်နိုင်မလား…ရဲတွေကရော Max ကို ဘယ်လိုကြောင့်လိုက်လံရှာဖွေနေရပါသလဲအစ်မဖြစ်သူ Jade တစ်ယောက်ရော အကြံစည်အောင်မြင်သွားမလားစတဲ့ စတဲ့ မေးခွန်းတွေကိုတော့ ဒီကားလေးထဲမှာပဲ ဖော်ထုတ်အဖြေရှာလိုက်ကြပါဦးခင်ဗျာ…………