ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jeremy Warner ရိုက်ကူးထားတဲ့ဟာသအက်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် Mallory Everton, Colin Mochrie,Jason Gray တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် အစွမ်းရှိတဲ့သူတွေကြီးစိုးတဲ့ကမ္ဘာကြီးမှာ ဘိထရစ်၊ကိန်းနဲ့ ဟယ်ရိုးတို့က အစွမ်းမရှိတဲ့သူတွေပါ။သူတို့မှာ ကမ္ဘာကြီးကိုအုပ်စိုးမယ်ဆိုတဲ့ အိပ်မက်တစ်ခုရှိပါတယ်။အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အစွမ်းရှိတဲ့လူဆိုးတွေဆီမှာ အလုပ်လုပ်ကြပြီးတော့ ပိုက်ဆံစုကြပါတယ်။ဘာအစွမ်းမှမရှိတဲ့ သူတို့လိုသာမန်လူတွေက အစွမ်းရှိတဲ့သူတွေကြားမှာ ဝင်ဆံ့ဖို့ကြိုးစားရင်းသူတို့ရဲ့ပေါက်ကရအလွဲတွေကိုရယ်မောဖွယ်ကြည့်ရှုကြရမှာပါ။ဒါ့အပြင် အက်ရှင်ခန်းတွေနဲ့ emotional ဖြစ်ရတဲ့အခန်းတွေပါပါဝင်တာကြောင့် အစကနေအဆုံးထိရယ်နေရတာမျိုးမဟုတ်ပဲရသမျိုးစုံကိုပေးစွမ်းတဲ့ ဇာတ်ကားမျိုးပါ။IMDb မှာလည်း rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းပါတယ်။