၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာနေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတွေဟာယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက်သားဖြစ်သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ သက်သေတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေကာ ဘယ်လိုတွေလုပ်ကိုင်သွားမလဲ…ထိုခက်ခဲလှတဲ့အခြေအနေတွေကြား သားဖြစ်သူအပေါ် ထားရှိတဲ့ အမေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာဖြစ်တဲ့အလျောက် လှည့်ကွက်ပေါင်းများစွာနဲ့လှလှပပလေးဖော်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။