အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီးပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲလူမရှိလိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေအဲဒီသတ္တဝါကိုတစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။