မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။အောင်မြင်ချမ်းသာပြီးအချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်းမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီးအဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ချစ်သူတွေထည်လဲတွဲတတ်သူ၊အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာတစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။What a Feelingဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။