Bilik Tepi HD

Bilik Tepi

Horror HD 2023-01-27 8.3 0 Min

ဘရန်ဒန်၊ မာလာသီနဲ့ဟာနာတို့ဟာ သူငယ်ချင်းသုံးယောက်ဖြစ်ပြီး အပန်းဖြေခရီးတစ်ခုထွက်လာကြတာပါ။တစ်လမ်းလုံး ချောချောမွေ့မွေ့နဲ့ ဘာပြဿနာမှမရှိခဲ့ပေမယ့် သူတို့တည်းခိုရမယ့်ဇာတ်လမ်းစပါတယ်။အဲ့ဒီနေရာဟာ တစ်ခြားတည်းခိုသူမရှိသလို စကားမပြောတတ်တဲ့ အစောင့်ဖြစ်သူနဲ့ အဖော်အမျိုးသမီးဆီကလည်း ဘာအကူအညီမှမရပါဘူး။ဖုန်းလိုင်းလည်းမမိ၊တစ်ချို့မီးတွေကလည်းမလာသလို အလုပ်သမားနှစ်ယောက်ကလည်း သူတို့ကိုစကားမပြောချင်သလိုရှောင်ဖယ်ဖယ်အနေအထားမှာဖြစ်တဲ့အတွက် ထပ်ပြီး အကူအညီမတောင်းပဲ နေလိုက်ကြပါတယ်။ဒါပေမယ့်ဟာနာ မျက်လုံးထဲမှာ မျက်မမြင်ကလေးမလေးပုံရိပ်တစ်ခုကို အကြိမ်ကြိမ်မြင်နေရပြီး တစ်ကြိမ်မှာတော့ အဲ့ဒီကလေးမလေးကသူ့နားကပ်ပြီး ‘ပြေး’ လို့တစ်လုံးပြောပြီး ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအချိန်ကျမှ ဒီကိုရောက်ကတည်းက သူတို့ကြုံနေရတဲ့ဖြစ်ရပ်တွေကိုပြန်စဉ်းစားမိရင်း ထူးခြားမှုတွေကိုသတိထားမိလာရင်း ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားကြရတော့မှာဖြစ်ပါတယ်။ပဟေဠိဆန်တဲ့ဒီနေရာနဲ့ထူးခြားတဲ့ ဝန်ထမ်းနှစ်ယောက်က ဘယ်သူတွေလဲ?ဟန်နာအာရုံထဲက မျက်မမြင်ကလေးမလေးကဘယ်သူလဲ?သူတို့အတွက် အချိန်မှီလွတ်မြောက်နိုင်ဖို့အခွင့်အရေးရော ရှိပါဦးမလား?ဆက်လက်ရှုစားကြပါ။