Tom and Jerry: Shiver Me Whiskers HD

Tom and Jerry: Shiver Me Whiskers

Comedy Family Adventure Animation HD 2006-08-21 6.9 74 Min

ဒီဇာတ်ကားမှာတော့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင် ရတနာသိုက်ရှာပုံတော် ထွက်ကြမှာပဲဖြစ်ပါတယ်။ဓါးပြညီနောင်၃‌ဦးထဲက အနီရောင်ဓါးပြကြီးရဲ့ သင်္ဘောသားတွေ ဖြစ်ကြတဲ့ တွမ်နဲ့ ဂျယ်ရီတို့မထင်မှတ်ဘဲ ရတနာသိုက်မြေပုံ ပါတဲ့ ဖန်ပုလင်း တစ်ပုလင်းကို ကောက်ရခဲ့ပါတယ်။အဲဒီမြေပုံက တခြားမဟုတ်ဘဲ ဓါးပြကြီး၃ယောက် ငယ်စဉ်ကတည်းက လိုက်ရှာ နေခဲ့တဲ့စပန်းနစ်ရှ်မိန်းဆိုတဲ့အဖိုးတန်ရတနာသိုက်ကြီးရဲ့ မြေပုံဖြစ်နေတာပါ။တွမ်နဲ့ ဂျယ်ရီတို့တွေ မြေပုံရထားတာကိုသိသွားတဲ့နောက် ဓါးပြညီအစ်ကိုတွေရဲ့ မြေပုံလုပွဲတွေက ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီမြေပုံက ဒီတိုင်း သာမန်မဟုတ်ဘဲ ကျိန်စာသင့်နေတဲ့မြေပုံဖြစ်ပြီးရှာ‌တွေ့သူ မှန်သမျှကို ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့မြေပုံ ဖြစ်နေပါတယ်။ရတနာသိုက်ကိုလည်း ထောင်ချောက်အထပ်ထပ်နဲ့ ကာရံ ထားလို့ ရယူဖို့လည်း မလွယ်တဲ့အနေအထားပါ။ဒီလိုမျိုး အန္တရာယ်များတဲ့ရတနာသိုက်ကို တွမ် ဂျယ်ရီနဲ့ ဓါးပြတွေဘယ်သူပိုင်ဆိုင်သွားမလဲ၊ဘယ်လိုအန္တရာယ်‌တွေနဲ့ ရင်ဆိုင် စွန့်စားသွားရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။