Forbidden Fairytale HD

Forbidden Fairytale

Comedy Romance HD 2025-01-08 6 110 Min

(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။)Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedyရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ ChoiSi-won. Park Ji-hyun နဲ့ Sung Dong-il တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့Adult Content တွေကို ဆက်တိုက်ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကားနောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကိုရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက်ကြီးမားတဲ့ အလှည့်အပြောင်းကြီးဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ…အဖေ့ကို ကတိ ပေးထားခဲ့တဲ့အတိုင်း အောင်မြင်တဲ့ ပုံပြင်ရေးဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ဒန်ဘီတစ်ယောက် ကတိအတိုင်း ဖြစ်လာနိုင်မလား..။အပြာဝတ္ထုတွေရေးတဲ့ စာရေးဆရာမအဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ဇာတ်လမ်လေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦး..။