ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်….မူးယစ်ဆေးနဲ့ ငွေအိတ်ပြည့်ခဲ့တဲ့ မူးယစ်ဝိဇ္ဇာဒုစရိုက်ခေါင်းဆောင် စုန့်ပန်းကအခုတော့ နိုင်ငံရေးလောကထဲကို ငွေအိတ်နဲ့ ပစ်ပြီး ဝင်ဖို့ ကြိုးစားနေပြန်ပြီတဲ့…ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တင်ဒါလုတာပါပဲ…လုမရတော့ တင်ဒါအောင်ပြီးသားသူကို မိသားစုဖမ်းပြီး ခြိမ်းခြောက်တယ်….ဆန့်ကျင်တဲ့သူကို ပစ်သတ်လိုက်တယ်…ဒီလိုနဲ့ ငြင်းမရတဲ့အဆုံးမှာ စီမံကိန်းကို ပေးဖို့ စာချုပ်ချုပ်မယ်ဆိုမှ…မြေယာသုံးစွဲခွင့်ကနေ ပိုင်ဆိုင်မှု လွှဲပြောင်းစာဖြစ်နေပြန်ရော…ဟုတ်ပါတယ်… စုန့်ပန်းတစ်ယောက်ဟာ ငွေနဲ့ပေါက်ပြီးတစ်မြို့လုံးကို မောင်ပိုင်စီးချင်ပြန်တာပါ…ဒါနဲ့ ရွာသူကြီးက လက်မှတ်မထိုးဘူးဆိုတော့ ငါးစာကျွေးလိုက်ပါတော့တယ်…ဒီလိုဆိုးတဲ့ စုန့်ပန်းကို ဘယ်သူကရှင်းပေးမှာလဲ…ဘယ်လိုမျိုးမှ ရှင်းနိုင်မှာလဲ…