Homestead FHD

Homestead

Action Drama Thriller FHD 2024-12-19 5.3 113 Min

ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်…အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက်ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ကြိုးစားထားတဲ့ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူးအစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ရှေ့ဆက်မတိုးနိုင်လောက်အောင်ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကိုစိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ငြိမ်းချမ်းရေးကိုအချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခုအနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်…Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေသိုလှောင်ရင်းလိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ပါတယ်..တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်းပေါက်ကွဲမှုတစ်ခုမှ အစပြုကာအမေရိကန်ပြည်ထောင်စုအတွင်းလျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်းတစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှားဖြစ်လာပါတော့တယ်Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့်အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့တဖွဲဖွဲရောက်ရှိလာကြပါတယ်. သို့သော်လည်း IanRoss ဟာ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကိုမလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင်အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြားဗျာများနေရတော့ပါတယ် ထိုအခိုက်မှာပဲ ဇနီးဖြစ်သူ Jenna Rossတစ်ယောက်က လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စားရေရိက္ခာတွေခြံပြင်ထွက်ပေးရာ ဗိုက်ဆာနေတဲ့ လူအုပ်ကြီးကအလုအယက်ဝိုင်းယူကြသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များကပါ ဝင်ဆွဲရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ်ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်နေတဲ့ Jenna နဲ့ စိတ်ခံစားချက်ထက်ကျိုးကြောင်းဆီလျော်မှုကိုဦးစားပေးတဲ့ Ian တို့ လင်မယားနှစ်ယောက်ရဲ့အပြန်အလှန်ပဋိပက္ခဖြစ်မှုအပေါ်မှာကျောရိုးတည်ပြီး ကမ္ဘာပျက်ကပ်ဘေးဆိုက်လာတဲ့အခါ လူသားတွေရဲ့အလိုအလျောက်တုံ့ပြန်မှုသဘာဝကိုအမြင်ဖွင့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့်ရုပ်ရှင်ချစ်သူများအနေနဲ့ အတွေးပွားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်လို့လက်မလွတ်ရလေအောင်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….