Bogotá: City of the Lost HD

Bogotá: City of the Lost

Crime Drama Thriller HD 2024-12-31 7 109 Min

ဒီတစ်ခေါက်မှာတော့ ကြည့်ရူသူပရိတ်သတ်ကြီးတို့အတွက် အလန်းစား Crime, Thriller, Action ကားလေးနဲ့မိတ်ဆက်ပေးပါရ‌စေ။ မင်းသားချော Song Joong-Ki၊  Lee Hee-Joon၊ မင်းသားကြီး Kwon Hae-Hyo နှင့်အခြားသော သရုပ်ဆောင်ပေါင်းများစွာရဲ့ အရှိန်အဟုန်ပြင်းတဲ့သရုပ်ဆောင်မှုများကိုရူစားကြရမှာဖြစ်ပါတယ်။ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMFအကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကိုအန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကိုခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကိုအောင်မြင်ပါ့မလား..။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ..။အောင်မြင်မလား ကျရှုံးမလား စတာတွေကိုရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။