“ကြယ်” လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ “ကောင်းကင်” လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အင်ဒိုနီးရှားမှာပဲလန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ရှစ်နှစ်ကြာအောင်လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။