Innalekal Thalirkkumbol HD

Innalekal Thalirkkumbol

Unknown HD 2023-10-06 8.3 106 Min

တမူထူးခြားတဲ့ တင်ဆက်ပုံမျိုးနဲ့ ကဗျာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့မာလျာလမ် အင်ဒီးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။နယ်မြို့လေးတစ်မြို့က ရုံးတစ်ရုံးမှာ တစ်သက်လုံး အတွင်းရေးမှူးအဖြစ်တာဝန်ကျေခဲ့တဲ့ ဆရီကာလာ။ ဆရီကာလာဟာ စာရေးရတာ ဝါသနာပါတယ်။ကလေးဘဝကတည်းက စာသိပ်ဖတ်တယ်။ ၃၂ နှစ်လုံး စံပြဝန်ထမ်း၊ စံပြဇနီး၊စံပြမိခင်အဖြစ်နေလာခဲ့ပြီးတဲ့နောက်မှာ ဆရီကာလာ ပင်စင်ယူတယ်။သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့ပစ္စည်းတွေပေးတယ်။ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကိုသူရေးထားတဲ့စာအုပ်တစ်အုပ် ပို့ပေးပြီး တစ်နေရာကိုထွက်သွားတယ်။ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်တော့ဘူး။ ဒီရုပ်ရှင်ဟာဆိုရင်ဆရီကာလာချန်ခဲ့တဲ့ စာအုပ်ထဲမှာရေးထားတဲ့ သူ့ရဲ့ဇာတ်ကြောင်းကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ သူများစိတ်ကြိုက်ရှင်သန်ခဲ့ရတဲ့ ဆရီကာလာနဲ့ကိုယ့်စိတ်ကြိုက်ရှင်သန်သွားတဲ့ ဆရီကာလာဆိုပြီး ပုံံနှစ်ခုကိုမြင်ကြရမှာပါ။သာမန်ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းဆိုတာထက်လူသားဆန်တဲ့လူသားတစ်ယောက်အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်လို့အင်ဒီးရုပ်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။