Fungus HD

Fungus

ကူးစက်တတ်ပြီး သေစေနိုင်တဲ့ မှိုမျိုးမှုန်တွေပါတဲ့ တိမ်တွေက ဆွီဒင်နိုင်ငံကိုရုတ်ရက်ရောက်လာခဲ့တဲ့အခါ အားလုံးကဘေးလွတ်ရာကို တိမ်းရှောင်ကြရပါတော့တယ်။ဘေးကင်းဖို့အတွက်လူတွေတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြချိန် သိပ္ပံပညာရှင်အချို့ ကုသဆေးရှာဖို့အတွက် ကြိုးစားကြရပါတော့တယ်။တစ်နေ့သူတို့နေတဲ့နေရာက မလုံခြုံတော့တာကြောင့် အခြားဘေးကင်းတဲ့ကဒုတ်ကျင်း K76 ကိုရွှေ့ပြောင်းခဲ့ရပါတယ်။ရွှေ့ပြောင်းနေစဥ်လမ်းမှာပဲ သလင်းကျောက်အမျိုးအစားတစ်ခုကို အားကိုးပြီး မှိုအန္တရာယ်ကနေ လွှတ်ကင်းနေတဲ့ ကျွန်းလေးပေါ်ကိုရောက်သွားတဲ့အခါမှာတော့ဒီကျွန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရင်း ဘေးကင်းတဲ့ K76 ကဒုတ်ကျင်းကိုရောက်ဖို့ လမ်းမှာဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။