Yin Yang Mansion HD

Yin Yang Mansion

Horror Thriller Mystery HD 2024-10-31 2.5 95 Min

အခုလိုအင်တာနက်တွေသုံးလာကြတဲ့ခေတ်ကြီးထဲမှာ အင်တာနက်ပေါ်မှာမြင်မြင်သမျှတွေကိုလိုက်လံဝေဖန်နေကြတဲ့လူတွေကလူတစ်ယောက်ကိုဘဝပျက်အောင်ဖျက်စီးပစ်နိုင်စွမ်းရှိလာခဲ့ကြတယ်။ဖုန်းရွှယ်ချင်လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကသနားကြင်နာတတ်ပြီးရုပ်ချောမောလှပတာကြောင့် သူ့စီနီယာအစ်ကိုဖြစ်တဲ့လျိုကျန့်ကျုံးကအသည်းအသန်ကြိုက်ခဲ့တာပေါ့။ဒါပေမဲ့တနေ့အင်တာနက်ပေါ်မှာအိမ်သာထဲကလေးမွေးဖွားတဲ့တက္ကသိုလ်ကျောင်းသူဖူန်းရွှယ်ချင်ဗီဒီယိုဖိုင်ပြန့်နှံ့သွားတဲ့အခါ မြင်မြင်သမျှကိုလိုက်လံဝေဖန်နေကြတဲ့အင်တာနက်ပေါ်က လူတွေကြောင့် ဖုန်းရွှယ်ချင်တယောက်ဘဝပျက်သွားပြီး သေသွားခဲ့တယ်သူသေသွားတဲ့အချိန်မှာ မိဘမရှိဆွေမျိုးမရှိတာကြောင့်သူယုံကြည်ရတဲ့စီနီယာအစ်ကို လျိုကျန့်ကျုံးနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့အထက်အရာရှိစူးကျဲခဲ့သူတို့တွေကို သူအာမခံဝယ်ခဲ့တဲ့ အန်းရှန်အာမခံကုမ္ပဏီကဆက်သွယ်လာပြီး ဖုန်းရွှယ်ချင်ရဲ့အာမခံလျော်ကြေးကိုသေတမ်းစာအတိုင်းပေးဖို့ခေါ်ယူခဲ့တယ်။ဒါပေမဲ့ စည်းကမ်းချက်အနေနဲ့အချစ်ဌက်စံအိမ်မှာခုနှစ်ရက်တိတိ နေရမှာဖြစ်ပြီးအဲ့စံအိမ်ထဲမှာနောက်ဆုံးအချိန်ထိကျန်နေတဲ့လူမှာ အာမခံလျော်ကြေးအများအပြားကိုရရှိပါဖြစ်တယ်။အဲ့စံအိမ်ကတော့တကယ်တမ်းမှာ အိမ်မဟုတ်ဘူး သရဲအိမ်ကြီးဖြစ်နေတာကြောင့်လျိုကျန့်ကျုံးနဲ့သူ့ကောင်မလေးကျန်းချန်နှင့်အတူ စူးကျဲခဲ့တို့ကလက်မခံချင်ပေမဲ့နောက်ဆုံးမှာတော့ ခုနှစ်ရက်တိတိသည်းခံဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်