September 5 HD

September 5

Drama History Thriller HD 2024-11-07 6.7 95 Min

1972 ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဖြစ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။နွေရာသီ အိုလံပစ်ပွဲတော်အတွင်း ဖြစ်ပွားခဲ့ပြီး အစ္စရေးအားကစားသမား ၁၁ ဦးနှင့် နည်းပြများကို ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ Black September မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကိုABC Sports အဖွဲ့၏ ရှုထောင့်မှ ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်တာကြောင့်မတူညီတဲ့ ပုံစံမျိုးနဲ့ ရင်တမမကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ABC Sport ရိုက်ကူးရေးအဖွဲ့က အိုလံပစ်ပွဲကို သတင်းထောက်လှမ်းရင်း မတော်တဆ သမိုင်းဝင် ဖြစ်ရပ်ကြီးကိုမှတ်တမ်းတင်မိသွားသည့် ဇာတ်လမ်းဖြစ်ပြီးဖြစ်ရပ်မှန်မှတ်တမ်းဗီဒီယိုများကို ထည့်သွင်းရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီအချက်တွေအပြင်ဇာတ်လမ်းအဆုံးမှာ ဒီဇာတ်ကားကို ဖန်တီးထားတဲ့ဒါရိုက်တာ၊ စာရေးဆရာ၊ အယ်ဒီတာတွေနဲ့အတူ ဇာတ်လမ်းပုံဖော်ဖန်တီးခဲ့စဉ် နောက်ကွယ်က လျှို့ဝှက်ချက်လေးတွေကို ပြောကြားထားပါသေးတယ်။