Coffee With A Killer FHD

Coffee With A Killer

Comedy Thriller FHD 2025-01-30 8.3 101 Min

ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင်ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကိုအခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။‌ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူကမြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င်လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။ပိုဆိုးတာက အဲဒီလူသတ်သမားဟာကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။