The Third Eye FHD

The Third Eye

Adventure Mystery Romance FHD 2024-07-11 8.3 68 Min

ဒီတစ်ခါမှာ အချစ်ဇာတ်လမ်းတိုကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ကျန်းချီးရွေဆိုတဲ့ကောင်မလေးကမတော်တဆမှုကြောင့်ခဏတာ အတိတ်မေ့နေတာကနေအစချီထားပြီးအိပ်မက်ထဲမှာဟူခယ်နန်ဆိုတဲ့လူတစ်ယောက်ကို အသည်းအသန်ရှာဖွေနေတာပေါ့။ဒီလိုနဲ့ အိပ်မက်ထဲကနေရုတ်တရက်နိုးထလာတဲ့အချိန်မှာဘေးနားမှာလီမင်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကကားမောင်းနေပြီးသူ့ကိုအကျိုးအကြောင်းမေးမြန်းပေမဲ့လည်းချီးရွေတစ်ယောက်အတိတ်မေ့နေတာကြောင့်လီမင်ကိုမမှတ်မိပဲအထိတ်တလန့်စိတ်မလုံခြုံမှုတွေခံစားနေရတာပေါ့။ဒီလိုနဲ့လီမင်ကချီးရွေကို ဖုန့်ဟွမ်တောင်ပေါ်မှာရှိတဲ့ဖုန့်ဟွမ်ရွာလေးကိုခေါ်သွားပြီးချီးရွေအတိတ်မေ့နေတဲ့အရာအားလုံး ဒီရွာမှာရှာတွေ့ပေးနိုင်လို့ချီးရွေကိုပြောကာ ခေါ်သွားခဲ့တယ်။ဒီလိုနဲ့ရွာကိုရောက်တဲ့အချိန်မှာလည်းချီးရွေတစ်ယောက်အရာအားလုံးဖြစ်ခဲ့ဖူးသလိုဝေဝေဝါးဝါးပြန်မြင်ယောင်နေမိပြီးသူ့အိပ်မက်ထဲမှာတချိန်လုံးလိုက်ရှာနေတဲ့ဟူခယ်နန်ကဘယ်သူလဲဘယ်လိုပုံစံမျိုးလဲဆိုတာ သိရဖို့အဲ့အရွာမှာတချိန်လုံး ဟူခယ်နန်ကိုလိုက်ရှာပါတော့တယ်လိုက်လံရှာဖွေဖော်ထုတ်နေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲဒီရွာမှာဘယ်လိုဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေရှိနေမလဲလီမင်ကကောကျန်းချီးရွေနဲ့ဟူခယ်နန်ကြားမှာ ဘယ်လိုပတ်သက်နေလဲဆိုတာတွေကိုတော့ဒီဇာတ်လမ်းလေးကနေအတူတူကြည့်ရူလိုက်ရအောင် ~